CRC Monthly News (January 2011)
Posted by crcnewdelhi on January 23, 2012
CRC မှ DAYCARE (၂) ခု ဖွင့်လှစ်မည်
၂၄.၁၁.၂၀၁၁CRCနှင့်UNHCRတွေ့ဆုံသည်နေ့တွင်UNHCRမဟာမင်းကြီးမှCRCသို့နေ့ကလေးထိန်းကျောင်းနှစ်ခုပေးရန်သဘောတူလက်ခံပါ သည်။၁.၁၂.၂၀၁၁CRCECအစည်းမဝေးမှလည်းထိုနေ့ကလေးထိန်းကျောင်းအားဟာစတားတွင်တခုထားရန်နှင့်ဂျာနကီးယားတွင်တခုထားရှိရန်သဘောတူဆုံးဖြတ်ပြီးဖြစ်သည်။ဤနေ့ကလေးထိန်း ကျောင်းသည် ကလေးထိန်းပေးမဲ့ လူမရှိ၍ အခက်အခဲရောက်နေသောမိဘများမှမိမိတို့ကလေးများကိုသွားရောက်အပ်နှံ၍စိတ်သက်သာစွာအလုပ်လုပ်ကိုင်နိုင်ရန်စသည့်ရည်ရွယ်ချက်ကြောင့်ဖြစ်သည်။သို့သော်ဤနေ့ကလေးထိန်းကျောင်းသို့အပ်နှံရမည့်ကလေးအသက်ကန့်သတ်ချက် မှာ(၅)နှစ်အောက်ကလေးမှသာဖြစ်သည်။ဤနေ့ကလေးထိန်းကျောင်းရှိခြင်းအားဖြင့်မိဘများအလုပ်မဆင်းနိုင်၍ဝင်ငွေမရှိခြင်းကြောင့်ငွေကြေးပြသနာအမျိုးမျိုးရှိသူအားလုံးအစဉ်ပြေစေမည်ဖြစ်သည်။ဤနေ့ကလေးထိန်း ကျောင်း ကိုမကြာခင် ဖွင့်လှစ်နိုင်မည်ဟု မျှော်လင့်ရပါသည်။
CRC ခေါင်းဆောင်များခရီးမှပြန်လည်ရောက်ရှိ
ဒီဇင်ဘာ၁၂-၁၆ရက်ကြားပြုလုပ်သော CNFအရေးပေါ် ညီလာခံသို့ တတ်ရောက်သော CRC မှ ဥက္ကဌ နှင့် ဂိုအော်ဒီနဲတာ တို့သည် ၂၃.၁၂.၂ဝ၁၁ တွင် ဒေလီမြို့သို့ ကျန်းမာစွာ ပြန်လည်ေ၇ာက်ရှိလာကြသည်။ဒေလီမှCRC လူကြီးများနှင့်အတူဤညီလာခံသို့တတ်ရောက်သူ စုစုပေါင်း ၉ ဦးရှိပါသည်။ CNF ညီလာခံသည် ယနေ့ချင်းအမျိုးသားများအတွက်အလွန်အရေး ကြီးကြေင်းနှင့်၁၉၄၈ဖလမ်းမြို့တွင်ကျင်းပသေ ချင်းအမျိုးသားများညီလာခံ နောက်ပိုင်း မြို့နယ်စုံ ပါဝင်ခြင်းအများဆုံးနှင့်လူဦးေ၇အများဆုံးဖြစ် မည်ဟုခန့်မှန်းရပါသည်။ချင်းပြည်နယ်မြောက်ပိုင်း အစ္စန်ဆုံး ကျီခါးမှ ဒီတောင်ပိုင်း အစ္စန်ဆုံး ပလက်ဝတို့မှကိုယ်စားများစုံလင်စွာတတ်ရောက်ကြပြီး လူဦးရေ ၁၅၃ ဦး တတ်ရောက်ကြကြောင်း သတင်းရရှိပါသည်။
မျှော်လင့်ချက်ဖြင့်ပြည်တော်ပြန်ကြ
မြန်မာနိုင်ငံ၏အခြေအနေသည်အရင် ထက်ဆာပါကများစွာကောင်းလာဟုထိုင်းထင်ကြပါသည်။ဒေါ်စုပင်လျှင်ဦးသိန်းစိန်နှင့်လက်တွဲလာသည်ကိုတွေ့ရပါသည်။မြန်မာပြည်သည် ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်လာရန်အခြေအနေသို့ရောက်ရှိသည်ဟုထင်ကြသောနယူးဒေလီရောက်ချင်းဒုက္ခသည်တော်တော်များများပြည် တော်ပြန်ကြသည်ကိုတွေ့ရှိရပါသည်။အရပ်ထဲမှရရှိသောသတင်းအရဆိုလျှင်ယခုအထိချင်းဒုက္ခ သည်(ဒေလီ)မှပြည်တော်ချင်းပြည်နယ်သို့ပြန်သွားသူစုစုပေါင်းမှာ(၅၀) ဦးနီးပါရှိပြီးဖြစ်ကြောင်းနှင့် နောက်ထပ်ပြန်ရန်ရထားလက်မှတ်ဖြတ်ထားသူ များလည်းရှိသေးကြောငသတင်းရရှိပါသည်။ဤသို့ပြည်တော်ပြန်ကြသူအများစုမှာဟာခါးကော်မြူနီတီမှ ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ဟားခါး ကော်မြူနီတီရွေးကောက်ပွဲ ကျင်းပ
ဟားခါးကော်မြူနီတီ၏၂၀၁၂ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်ရွေးကောက်တင်မြောက်ပွဲကိုယ္ခုလ(၂)ရက်တွင်အောင်မြင်စွာကျင်းပပြီးဆုံးကြောင်းသတင်းရရှိပါသည်။အဆိုပါရွေးကောက်ပွဲမှအောက်ပါဥက္ကဋ္ဌအသစ်နှင့်အတွင်းရေးမှုးကိုရွေးကောက်တင်မြောက်ခဲ့ကြပါသည်။
ဆလိုင်းဗျက်ထာမွှန်(ဥက္ကဋ္ဌ)ဖုန်း-၈၁၃၀၇၃၅၆၁၀
ဆလိုင်း ကျဲအိုလျန်ထန်း (အတွင်းရေးမှုး) ဖုန်း–
မသန်စွမ်းသူအရိုက်ခံ
ဇန္နဝါရီလ၈ရက်နေ့ညနေ၅း၀၀ခန့်တွင်District စင်တာမှပြန်လာသောမောင်ဟရဲထန်းနှင့်အဖေါ်သည်ဒီစတြိတ်စင်တာမှ(၁၀)မိနစ်ခန့်သွားပြီး နောက်ဒေသခံအယောက်(၃၀)ခန့်မှစီးနင်းလာ သောသုံးဘီးစက်ဘီးအားတားဆီး၍ရိုက်ကြပါ သည်။မသန်စွမ်းသူဖြစ်သော်လည်းမညှာမတာ ရိုက်ကြပါသည်။သူ၌ပါလာသောငွေ(၉)ထောင် နှင့်မိုဘိုင်းဖုန်းပါလုယူသွားကြသည်။ပြီးနောက်ဒေသခံများမှခြေချင်ပြန်လွှတ်ကြသည်။ဤကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ UNHCR ဘက်သို့ အကြောင်းကြားပြီးဖြစ်သော်လည်းယနေ့ထိကူညီထောက်ပဲ့မှုတစုံတရာမရရှိသေးကြောင်းကံယာကံရှင်မှCRCသို့ပြောပါသည်။လူတိုင်းအပြင်ထွက်တိုင်းငွေများများယူဆောင်မသွားကြရန်သတိပေးလိုပါသည်။မီးမလောင်ခင်တားဆိုသလိုပြသနာမ ဖြစ်မှီမိမိတို့၏ကိုယ်စီသတိတရားရှိကြရန်လိုအပ်ပါသည်။
မေတ္တာရပ်ခံခြင်း
ယ္ခုတလောResettlementခေါ်ယူရေးကိစ္စနှင့် ပတ်သက်၍မဟာမင်းကြီးပြောပြချက်အရအဓိက ဦးစားပေးရမည်ကိစ္စ (၂) ရရှိသည်။
(၁)ကျန်းမာရေးနှင့်(၂)လုံခြုံရေးကိစ္စတို့ဖြစ်သည်။ဒါ့ကြောင့်လူတိုင်းမိမိတို့ရဲ့ကျန်းမာရေးကိစ္စ(အထူးသဖြင့်နာတာရှည်ရောဂါသည်များ)များနှင့်မိမိတို့၏လုံခြုံရေးကိစ္စ(ဒေသခံကုလားလက်ချက်ခံရသူများ)CRCသို့အချိန်မှီသတင်းပေးပို့ကြပါရန်မေတ္တရပ်ခံအပ်ပါသည်။သို့သော်ဤသို့သတင်းများပေးပို့ရာတွင်ခိုင်လုံသောသက်သေအထောက်အ ထားများ(ဝါ)စာရွက်စာတမ်းများတင်ပြနိုင်မှသာ လက်ခံမည်ဖြစ်ကြောင်းပါထပ်ဆင့်မေတ္တာရပ်ခံလိုပါသည်။
CRCနှင့်မဟာမင်းကြီးတို့နောက်ဆုံးတွေ့ဆုံးမှူ၏ရလဒ်
နိုဝင်ဘာလ(၂၄.၂၅)ရက်နေ့များတွင်CRCမှဖွဲ့စည်းထားသောစုံစမ်းရေးကော်မီတီနှင့်India UNHCRမှမဟာမင်းကြီးနှင့်အဖွဲ့တို့တွေ့ဆုံဆွေး နွေးမှုမှမဟာမင်းကြီး၏ပြောဆိုချက်များကိုတင်ပြရမည်ဆိုလျှင်၂၀၁၂ခုနှစ်မှစ၍CRCမှကြီးကြပ်၍ နေ့ကလေးထိန်းကျောင်း(၂)ခုဖွင့်လှစ်နိုင်ရန်မ ဟာမင်းကြီးမှခွင့်ပြုလိုက်ပါသည်။သို့သော်ဤနေကလေးထိန်းကျောင်းသည်ကလေးလူဦရေအ ယောက်(၂၀)ခန့်သာထားနိုင်မည်အကန့်အသတ်ရှိနေ့ကလေးထိန်းကျောင်းသာဖြစ်ပါမည်။ဤနေ့ကလေးထိန်းကျောင်းသည်စာသင်ကျောင်းကဲ့သို့ စာသင်ပေးခြင်းမဟုတ်ပဲ၊ကလေးထိန်းပေးမဲ့လူမရှိ၍အခက်အခဲဖြင့်ရင်ဆိုင်နေရသောမိဘများအတွက်သာဖြစ်ပေမည်။ထိုမိသားစုများမှမိမိတို့ရင်သွေးငယ်များကိုလာရောက်အပ်နှံ၍စိတ်အေးစွာအလုပ်လုပ်ကိုင်နိုင်ပေမည်ဖြစ်သည်။ထိုနေ့ကလေးထိန်းကျောင်းကိုဟားစတားရပ်ကွက်တွင်တခုထားရန်နှင့်ကျန်တခုကိုမှူC1 ဘက်ဉ်ထားရှိရန် CRC ECအစည်းအဝေးမှဆုံးဖြတ် ပြီးဖြစ်သည်။ လက်ရှိ YMCA Tuition Centre မှာ YMCA Centre ဟုပင်ဆက်လက်ခေါ်ဆိုခြင်းမပြုရန်နှင့်RefugeesCentreဟုသာခေါ်တွင်စေရန်မှာကြားခဲ့သည်။၎င်းRefugeesCentreများတွင်တက်ရောက်လျှက်ရှိသောကလေးအားလုံးသည်လည်း၂၀၁၂၂၀၁၃ပညာသင်နှစ်တွင်အားလုံးအစိုးရကျောင်းများတွင်မဖြစ်မနေနာမည်စာရင်းပေးသွင်းရုံမဟုတ်ပဲပုံမှန်တက်ရောက်ရမည်ဖြစ်သည်။အစိုးရကျောင်းတွင်တက်ရောက်သူကလေးများသာRefugee Centre(YMCAကျောင်း)တွင်လက်ခံသင်ကြား ခွင့်ပြုမည်ဖြစ်သည်ဟု ဖြည့်စွက်ပြောကြားသည်။ ဒါ့ကြောင့်ယ္ခုYMCACentreများတွင်တက်ရောက်လျှးက်ရှိသောကလေးအားလုံးကျောင်းဖွင့်သည်ကာလဇွန်ဇူလိုင်လတွင်အစိုးကျောင်းသို့မဖြစ်မနေစာရင်းသွင်း၍တက်ရောက်ရမည်ဖြစ်သည်။၂၀၁၂မှစ၍UNHCRရုံးသို့လာရောက်လိုသူများအတွက်ပို၍အစဉ်ပြေစေရန်အလို့ဌါWomenCenter တွင်ဝန်ထမ်းအင်အားတိုးချဲ့ချထားမည်ဖြစ် သည်။ဤသို့ဝန်ထမ်းများခန့်အပ်ခြင်းအားဖြင့်သာမန်UNHCRသို့လာရောက်ရန်မလိုအပ်တော့ပဲ WomenCenterတွင်သာသွားရောက် နိုင်မည်ဖြစ်သည်။အကယ်၍အရေးပေါ်ကိစ္စ များအွင် ကြိုတင် ရက်ချိန်းAppointment များကို Women စင်တာတွင် တောင်းယူရမည် ဟု လည်းပြောကြားသွားပါသည်။ထို့အပြင် UNHCR NewDelhiမှ၂၀၁၂နှစ်သစ်မှာမှစ၍ဒုက္စသည်များစောင့်စားသည့်ကိစ္စအမျိုးမျိုးပိုလည်းဆောင်ရွက်ပေးမည်ဖြစ်၍စိတ်ရှည်ရှည်စောင့်နေကြရန်မှာ ကြားသွားပါသည်။
ငွေစက္ကုအတုများဖမ်းမိ
၁၂.၁.၂ဝ၁၂ညနေ ၆နာညီခန့်တွင် စီသားပူရီး ရပ်ကွက်တွင်အိန္ဒိယငွေစက္ကုတုများဖမ်းဆီးရည်ဟုသတင်းရှိပါသည်။အမှိုက်ပစ်စည်ပင်သာယာ ရေးကားကြီးပေါ်တွင်အမှိုက်ဟုထင်ရလောက် အောင်ငွေစက္ကုအတုများအပြည့်တင်ဆောင်ထားသည့်ကားကြီးတစီးသည်အမှိုက်များစုံပုံရာနေ ရာတွင်ရပ်နားထားပါသည်။ထိုအခိုက်ရဲများနှင့် စစ်သားများရာက်ရှိလာရာ ထိုကားကို ဖမ်းဆီး ၍စစ်ကြည့်ရာ ငွေစက္ကုတုများ တွေ့ရှိရကြောင်း စီသားပူရီးမှမျက်မြင်သက်သေများမှပြောပြသွား ပါသည်။
ချင်းဒုက္ခသည်နှစ်ဦးကုလားလူငယ်များရိုက်
၁၂.၁.၂၀၁၂ ည ၁၁း၃၀ နာရီတွင်Hastal ရပ်ကွက်၌နေတိုင်သူချင်းဒုက္ခသည်၂ဦးဖြစ် သည်။Cung Aung နှင့် Jehu တို့နှစ် ယောက်ကို ကုလားလူငယ်များကစိတ်ကျေနပ်သည်အထိ ရိုက်ခဲ့ပြကြောင်းမျက်မြင်သက်သေတဦးမှ CRC သို့ပြောပြပါသည်။ဖြစ်ဖွားပုံမှာကုလားလူငယ်တ ဦးမှချင်းမ(ကိုယ်ဝန်၅လလွယ်ထားသူ)တဦးကိုမကောင်းသောမိန်းမလိုဆက်ဆံပြေဆိုသည်ကို ယောကျားဖြစ်သူကမကျေနပ်၍ပါးရိုက်ခဲ့သည်။ထိုသည်ကိုမကျေနပ်၍အဖော်များစုကာအရက် သောက်ကြပြီးပါးရိုက်သူချင်းလင်မယားအိမ်သို့လာကြသည်။အရက်မှုးကုလားလူငယ်များ ရောက်လာချိန်တွင်ထိုလင်မယားတို့သည်အိမ်၌မရှိခိုက်ဖြစ်သည်။သို့သော်ကုလားလူငယ်များသညထိုအိမ်၌်ရှိသောအပြစ်မရှိချင်းလူငယ်နှစ်ဦး CungAungနှင့်Jehuတို့ကိုအားရပါးရရိုက်ကြ တော့သည်။သံချောင်းများနှင့်ကြေကုန်းကိုရိုက်သည့်ဒဏ်ရာနှင့်ခေါင်းကွဲဒဏ်ရာ၊ရှေ့သွားတစ်ချောင်းကြိုးသည်အထိရိုက်ခဲ့ကြကြောင်းကြားသိရသည်။ဤအဖြစ်အပျက်ကို ဖြေရှင်းပေးရန် SLIC သို့တိုင်ထား ကြောင်းသိရှိရသည်။
ချင်းအမျိုးသားနေ့ကျင်းပရေးဆပ်ကော်မီတီဖွဲ့စည်း
(၆၄)နှစ်မြောက်ချင်းအမျိုးသားနေ့ကို ခါတိုင်းကဲ့သို့စည်းကားသိုက်မြိုက်စွာကျင်းပနိုင် ရန်အတွက်ဇန္နဝါရီလ(၉)ရက်နေ့တွင်CHROရုံး ဉ်ဖြစ်မြောက်ရေဆပ်ကော်မီတီိတရပ်ကိုအောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ကြောင်းသတင်းရရှိပါသည်(၆၄) နှစ်မြောက်ချင်းအမျိုးသားနေ့ကိုဖေဖေါ်ဝါရီလ (၂၀)ရက်နေ့တွင်ရိုးရာအကအမျိုးမျိုးဖြင့်စည်း ကားစွာကျင်းပနိုင်ရန်မှာမူလူတိုင်း၊မိသားစုတိုင်း၏ငွေကြေးပေလှူမှုပွဲနေ့တွင်အားလုံးပူးပေါင်းပါ ဝင်မှုသည်အရေးကြီးဆုံးဖြစ်ပေမည်။ဒါ့ကြောင့် လူတိုင်းမိမိတို့တတ်နိုင်သည့်ဘက်မှပူးပေါင်းပါဝင်ကြပါရန်နိုးဆော်အပ်ပါသည်။ပွဲဖြစ်မြောက်ရေး ဆပ်ကော်မီတီများမှာအောက်ပါအတိုင်းဖြစ်ပါ သည်။
(၁) ဥက္ကဋ္ဌ ဆလိုင်း- လိုင်ထာ
(၂) ဒု-ဥက္ကဋ္ဌ ဆလိုင်း -ဘူနိုင်း
(၃) အတွင်းရေးမှူး ပူး- ဗန်မွှန်လျှန်
(၄)တွဲဘက်အတွင်းရေးမှူး ပူး- လာလ်ရမ်းမွန်နာ
(၅) ဘဏ္ဍထိန်း မိုင်- ဆောမ်သဲ
(၆) ဖိုင်နင့် အတွင်းရေးမှူး မိုင်- ဒေါ့သ်လှယ်ပါရ်
ဖလမ်းယူနီယံရွေးကောက်ပွဲပြီးဆုံး
၂ဝ၁၂ ဖလမ်းယူနီယံ ဦးဆောင်ရန်အတွက် ရွးကောက်ပွဲကို၂၇.၁၁.၁ဝ၁၁စနေနေ့တွင် BCRC ဟောခန်းတွင်အောင်မြင်စွာကျင်းပပြီးစီးကြောင်း သတင်းရရှိပါသည်။ဤရွးကောက်ပွဲမှဥက္ကဌအဖြစ် ဆလှိုင်းVL(VanLalThlan)ကို၎င်း အတွင်းရေးမှုး အဖြစ်ရောဘတ်ကို၎င်းရွေးကောက်တင်မြောက် သည်ဟုသတင်းရရှိသည်။ဆက်သွယ်လူသူများ အောက်ပါဖုန်းနံပါတ်သို့ဆက်သွယ်နိုင်ပါသည်။ ဥက္ကဌ-၈၈ဝဝ၃၄၁၆၂၈ အတွင်းရေးမှုး-၉၆၅ဝ၂၅ဝ၄၇၇
ဇိုမီးအလုပ်အမှုဆောင်ရွေးကောက်ပွဲကျင်းပ
ဇိုမီးကွန်မြူနီတီZCC၏၂၀၁၂အလုပ်အမှုဆောင်ရွေးကောက်ပွဲကို ယခုလ ၁၃.၁၂.၂ဝ၁၂ တွင် ဘူဒဲလားရပ်ကွက်ရှိ ZCC ရုံး တွင် ကျင်းပမည်ဟု သတင်း ရရှိပါသည်။
CRC သို့အထူးဧည်သည်များရောက်
၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ကနေဒါ နိုင်ငံမှ Mr.Victor Biak Lian နှင့် Pastor CungCinတို့သည်CRCရုံးသို့လာရောက်လည်ပတ်ခဲ့ကြသည်။ဤပုဂ္ဂိုလ်ကြီးနှစ်ဦးသည်ချင်းတိုင်းရင်းသားးများအတွက်နေ့မနားညမအားအလုပ် လုပ်ကြသူများဖြစ်ကြသည်။ယ္ခုအခါဒေလီရောက် ချင်းဒုက္ခသည်များအားကနေဒါနိုင်ငံမှခေါ်ယူပေးနိုင်ရန်ကြိုးစားအားထုတ်ဆဲဖြစ်ကြေင်းသိရပါ သည်။သူတို့လုပ်ငန်းအောင်မြင်နိုင်ရန်ဆုတောင်း ခြင်း ဖြင့် အားလုံး ဝိုင်းဝန်းကူညီကြစို့။
2 Responses to “CRC Monthly News (January 2011)”
Sorry, the comment form is closed at this time.
ngunrhelian said
chin miphun ca a na tuan taktak maw ? resettlement Duh ca a CRC upa pawl nih chin refugee fa nua le pawl UNHCR sin a azawr tih hi a hman si a cun that dih na hua te lai hi ka a nan luat zawng a chinland nih biafak pi in an cheih te lai
ngunrhelian said
ချင်းတို့ကိုသွေးအမျိုးမျိုးခွဲစေတဲ့အားကစားပွဲရပ်ဆိုင်းကြပါရန်တိုက်တွန်းလိုပါတယ် CRC ခေါင်းဆောင်ပိုင်းညံ့ဖျင်းမူကြောင်းဖြစ်ကြောင်း